မြန်မာဘာသာ
The Asia Institute
အကြောင်း
ရည်ရွယ်ချက် ပန်းတိုင်
“>
ပြီးခဲ့သည့် (၇) နှစ် ကျော်အတွင်း အာရှ အင်စတီကျူ အဖွဲ့အစည်းကြီး (The Asia Institute – TAI) သည် ယဥ်ကျေးမှု၊ လူမှုအဖွဲ့အစည်း၊နိုင်ငံတကာဆက်ဆံရေး နှင့် လုံခြုံရေး ဆိုင်ရာ ကျယ်ပြန့်သော ပညာရပ်ဆိုင်ရာ အစီအစဥ်များကို ဆောင်ရွက်ခဲ့သည်။ သို့သော် (The Asia Institute – TAI) သည် ဆက်သွယ်ဆောင်ရွက်မှု နှင့် နိုင်ငံအုပ်ချုပ်ရေး၊ နိုင်ငံတကာ ဆက်ဆံရေးပြောင်းလဲမှုသဘာဝ နှင့် ပညာရေးအပေါ်သက်ရောက်မှု၊ သဘာဝပတ်ဝန်းကျင်ပြဿနာများနှင့် နည်းပညာ၏ လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှု စသည့်ကိစ္စရပ်များကိုလည်း အလေးထား လေ့လာသုံးသပ် လျှက်ရှိသည်။
အာရှ အင်စတီကျူ အဖွဲ့အစည်းကြီး(The Asia Institute – TAI) သည် အာရှတိုက်တခုလုံး အဓိပါယ်ပြည့်ဝစွာ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်နိုင်ရန်အတွက် အခိုင်အမာ ကတိပြုထားပြီး၊ ထိုသို့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး အတွက် ဆွေးနွေးနိုင်မည့်အခွင့်အလမ်းသစ်များကို အစဥ်တစိုက်ရှာဖွေလျှက်ရှိသည်။ ကျွန်ုပ်တို့၏အဖွဲ့အစည်းကြီးသည် အမေရိကန်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံများနှင့် သက်ဆိုင်သည့် နက်ရှိုင်းသော အတွေ့အကြုံဗဟုသုတများရှိသည်။ ထို့အပြင်အာရှ အင်စတီကျူ အဖွဲ့အစည်းကြီးသည် ဥရောပတိုက်၊ အာဖရိကတိုက်၊အရှေ့တောင်အာရှတိုက်၊အာရှအလယ်ပိုင်းဒေသ၊ တောင်အာရှဒေသ၊ အရှေ့အလယ်ပိုင်းဒေသ ရှိနိုင်ငံများ နှင့်ပတ်သက်သော ပညာရပ်ပိုင်းဆိုင်ရာအစီအစဥ် များကိုလည်းဆောင်ရွက်လျှက်ရှိသည်။
အာရှအင်စတီကျူ အဖွဲ့အစည်းကြီး (The Asia Institute – TAI) သည်အရှေ့မြောက် အာရှဒေသအတွက်စိုးရိမ်ပူပန်မှုများကို အလေးအနက်ထည့်သွင်းစဥ်း စားနေသည့်တချိန်တည်းမှာ၊ မျက်မှောက်ကာလပြဿနာများအပေါ် မျှတသည့် ရှုထောင့်အမြင်ထားရှိရေး ဦးစားပေးသုံးသပ်မှု ကိုထိန်းသိမ်းထားရန် ဆင်ခြင် သုံးသပ် သည်။ထို့အပြင် အရှေ့တောင်အာရှဒေသ၊အာရှအလယ်ပိုင်းဒေသများရှိသက်ဆိုင်ရာနိုင်ငံများနှင့် ပါဝင်ပတ်သက်သူအားလုံးတို့နှင့်ဆိုင်သောလူမှုစီးပွားရေးအခြေအနေ၊ယဥ်ကျေးမှုနောက်ခံသမိုင်း၊လိင်ကွဲပြားမှု (ကျားမဆိုင်ရာ) လေ့လာသုံးသပ်မှုများကိုလည်းထည့်သွင်း သုံးသပ်သည်။ထိုသို့ဆောင်ရွက်ရာတွင်ကောလိပ်နှင့်အခြားအဆင့်ကျောင်းသားကျောင်းသူများ၊ မြို့ရွာဒေသတွင်းနှင့် အာရှဒေသတခုလုံးရှိလူမှုအသင်းအဖွဲ့များ၊ ပညာရပ်ဆိုင်ရာကျွမ်းကျင်သူများ နှင့် မူဝါဒချမှတ်သူများကိုသာ ထည့်သွင်းစဥ်းစားသည့် အကန့်အသတ်မျိုးမရှိပေ။ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်၊နိုင်ငံတကာဆက်ဆံရေးနှင့် ခေတ်မီနည်းပညာ ဦတည်ချက်နှင့်အလားအလာ စသည့်ပညာရပ်ဆိုင်ရာ ဓမ္မဓိဌာန်ကျကျဆွေးနွေးမှုများကိုဆောင်ရွက်နိုင်ရန်အတွက် ပညာရပ်ဝန်းများ ကို အာရှအင်စတီကျူ အဖွဲ့အစည်းကြီး(The Asia Institute – TAI) က ဖန်တီးထောက်ပံ့ပေးသည်။လူတိုင်းပါဝင်ဆွေးနွေးနိုင်ခွင့်ပေးထားသော ပွင့်လင်းသည့် အခြေခံ ဆွေးနွေးစင်မြင့်များ၊ နှီးနှောဖလှယ်ပွဲများကိုဤအဖွဲ့အစည်းကြီးက ပံ့ပိုးဆောင်ရွက်ပေးသည်။ကုန်သွယ်ရေး၊ဘဏ္ဏာရေးနှင့်နည်းပညာပိုင်းဆိုင်ရာအရ၊ စီးပွားရေးတိုးတက်မှုနှင့် အာရှဒေသနှင့်ပေါင်းစည်းဆောင်ရွက်မှုတို့သည် မှတ်တမ်းတင်လောက်ဖွယ်ရာစံနုန်းဖြင့်တိုးတက်နေသည်။အာရှဒေသသည် ကမ္ဘာကြီးအတွက် ရိုးရှင်းသော ကုန်ထုတ်လုပ်မှုအချက်အခြာဒေသတခုသာ မဟုတ်တော့ပဲ၊ ယဥ်ကျေးမှု၊ အသိပညာနှင့် မဟာဗျူဟာကျသည့် ဗဟိုမဏ္ဏိုင်ဒေသ ဖြစ်လာသည်။အာရှဒေသအနေဖြင့်ပထဝီနိုင်ငံရေးစင်မြင့်ပေါ်တွင်ပိုမိုတိုးတက်သောကဏ္ဏကိုရောက်ရှိလာသည့်တိုင်၊ ရေရှည်ဘုံဦးစားပေးပြဿနာများကိုဖြေရှင်းရန်အတွက် ထောက်ပံ့ရေး၊ ဘဏ္ဏာရေး၊ စွမ်းအင်၊ ယဥ်ကျေးမှုဖလှယ်ရေး၊ အသိပညာဆိုင်ရာလူမှုအဖွဲ့ တိုးတက်ဖွံ့ဖြိုးရေး စသည့် အခန်းကဏ္ဏများတွင် အရေးကြီးသော ကွာဟချက်တချို့ရှိနေဆဲဖြစ်သည်။
ထို့အပြင် ရာသီဥတုပြောင်းလဲမှုနှင့် လျှင်မြန်သောနည်းပညာတိုးတက်မှုကဲ့သို့ စိန်ခေါ်မှုအသစ်များအနေဖြင့် ရဲရင့်ပြီးဥာဏ်အမြှော်အမြင်ပြည့်ဝသည့် ဆွေးနွေးပြင်ဆင်မှုများနှင့်ပြည့်စုံသည့်တီထွင်မှုရှိသောမဟာဗျူဟာများကိုလည်း လိုအပ်သည်။ကုန်သွယ်ရေး၊ ဘဏ္ဏာရေးဆိုင်ရာအရေးပါမှုနှင့်အာရုံစိုက်ဆောင် ရွက်မှု အဆင့်များကို ထိန်းညှိနိုင်ရန်အတွက်မှာ ယနေ့ခေတ်ကာလ၏ အရေးကြီးသောပြဿနာများကို အာရှနှင့် အမေရိကန် နှစ်ဖက် ပြည်သူ နိုင်ငံသားများအကြား ပိုမိုနက်ရှိုင်းစွာဆွေးနွေးကြရန်လိုအပ်ပြီး အာရှအင်စတီကျူ အဖွဲ့အစည်းကြီး (The Asia Institute – TAI)အနေဖြင့်ထိုအချက်ကို အစဥ်တစိုက် ဆောင်ရွက်သွားရန် အလေးအနက်ဆုံးဖြတ်ထားပြီးဖြစ်သည်။ အာရှတိုက်ရှိ ပါဝင်ပတ်သက်နေသည့်နိုင်ငံအားလုံးအနေဖြင့်နိုင်ငံနယ်နိမိတ်များကို ကျော်လွန်ပြီး အသေးစိတ်အကြိတ်အနယ်ဆွေးနွေးမှုများနှင့်ဓမ္မဓိဌာန်ကျသောသရုပ်ခွဲလေ့လာမှုများ အလွန်လိုအပ်လျှက်ရှိသည်။
The Asia Institute
အဖွဲ့ကြီး၏ အဓိက ရည်ရွယ်ချက်
အပြန်အလှန်ဆက်နွယ်မှုရှိသော ပြဿနာ (၄)ခုအပေါ် The Asia Institute အဖွဲ့ကြီး၏ အဓိကအာရုံစူးစိုက်မှုရည်ရွယ်ချက်များသည် ကမ္ဘာကြီးတခုလုံးအပေါ် နက်နဲသိမ်မွေ့စွာ အကျိုးသက်ရောက်မှုရှိသည်။ သို့သော် ပညာရှင် အဖွဲ့ အများစုအဆိုအရ အကျိုးသက်ရောက်မှုသည် ထိုမျှမကပေ။
ကြိုတင်မခန့်ခန်းနိုင်လောက်သော နူန်းထားဖြင့် နည်းပညာတိုးတက်က်ပြောင်းလဲမှုများကြောင့် ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းနှင့်စီးပွားရေး ပြောင်းလဲတိုးတက်မှု များ
ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ မော်တာနှင့်အုတ်အဆောက်အဦးများ မပြောင်းသေးပဲ၊ နိုင်ငံများ၏ နယ်စပ်များ ယခင်အတိုင်းရှိနေသေးသော်လည်း၊ ကျွန်ုပ်တို့ကမ္ဘာကြီးသည်ကား နည်းပညာအစွမ်းဖြင့်လုံးဝပြောင်းလဲသွားပြီဖြစ်သည်။ ဆက်သွယ်မှုနည်းပညာနှင့် AI နည်းပညာများပူးပေါင်းပြီး၊ ကမ္ဘာကြီးတခုလုံး ၏နယ်မြေစည်းမျဥ်းနယ်နိမိတ်များကိုကျော်ဖြတ်ပြီး မမှန်းဆနိုင်လောက်သော ပေါင်းစည်း တွဲဖက်မှုများ ဖြစ်ပေါ်လာပြီ ဖြစ်သည်။ ထိုရလာဒ်ကြောင့် ကြိုတင်မမှန်းဆနိုင်သော နည်းလမ်းသစ်များဖြင့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ကြပြီ။ နည်းပညာပြောင်းလဲတိုးတက်မှုကိုမည်သို့မည်ပုံ သိခြင်း၊ မသိခြင်း စသည့်အခြေအနေများကြောင့်စိတ်ကူယဥ်ပုံပြင်နှင့် အမှန်တရားကြားခွဲခြားဆုံးဖြတ်ရန်လုပ်ငန်းစဥ်သည် ပိုမိုခက်ခဲလာသည်။
ထို့အပြင် အမှန်တကယ်ထုတ်လုပ်ရန်မလိုပဲ၊ မည်သည့်ပုံရိပ်ကိုမဆို သုံးဖက်မြင်ပုံရိပ် 3D ပုံနှိပ်နည်းဖြင့် အစစ်နီးပါးဖန်တီးလာနိုင်ပြီဖြစ်သည်။ လူ့အဖွဲ့အစည်းအပေါ်နည်းပညာပြောင်းလဲတိုးတက်မှုကိုတုန့်ပြန်မှုသည် ကျွန်ုပ်တို့ခေတ်၏အဓိက စိန်ခေါ်မှု ဖြစ်ပြီး ပိုမိုခက်ခဲလာသည်။ အဘယ့်ကြောင့်ဆိုသော် ထိုပြောင်းလဲတိုးတက်မှုများစွာတို့သည် လူအများစုအတွက် မမြင်သာသော တိုးတက်မှုများဖြစ်နေခြင်းကြောင့်ဖြစ်သည်။
မောင်းသူမဲ့ ဒရုန်းယာဥ်မျိုးဆက်သစ်များ၊ စက်ရုပ်များနှင့် တခြားသော အဝေးထိန်း စက်ပစ္စည်းများသည် နိုင်ငံတကာအဆင့်တွင် မူဝါဒသစ်များ သဘောတူညီချက် စာချုပ်များလိုအပ်သည့် စိန်ခေါ်မှုအသစ်များကို ဖြစ်ပေါ်စေသည်။ ယခင်နိုင်ငံတကာသဘောတူညီချက်များကို ကိုင်စွဲထားရန်မဖြစ်နိုင်တော့ပဲ၊ ရှေ့သို့ဆက်လှမ်းကာ မြန်ဆန်စွာဆောင်ရွက်ဖို့လိုအပ်လာသည်။
ရာသီဥတုပြောင်းလဲမှု၏လူ့အဖွဲ့အစည်းအပေါ်သက်ရောက်မှုနှင့် ဒေသခံ၊ နယ်မြေဒေသကြီးနှင့် ကမ္ဘာ့လုံးဆိုင်ရာ အဆင့် ယဥ်ကျေးမှု၊စီးပွားရေး နှင့် အုပ်ချုပ်ရေးဆိုင်ရာ ပြန်လည် လုပ်ဆောင်နိုင်မှုများ အရရရှိလာသော အဖြေ
ရာသီဥတုပြောင်းလဲမှုသည် ယနေ့ခေတ်ကာလအတွက်ရင်ဆိုင်နေရသော လုံခြုံရေးဆိုင်ရာအန္တရာယ်ကြီးများထဲတွင် အကြီးဆုံးဖြစ်သည်။ယင်းကို နှစ်ပေါင်း ၂၀ကျော်ကြာနေသည့် အန္တရာယ်အဖြစ်သတ်မှတ်ထားသော်လည်း ဤ အန္တရာယ်ကို စီးပွားရေး နှင့် နည်းပညာဆိုင်ရာစနစ်များ နှင့် ယဥ်ကျေးမှုအဖွဲ့အစည်းကြီးများက တုန့်ပြန်ဖြေရှင်းနိုင်ရန် အကောင်အထည်ဖော်ဆောင်နိုင်ခြင်းမရှိသေးပေ။ ရာသီဥတုပြောင်းလဲမှု၊ လျော့ပါးသက်သာစေမှု နှင့် လိုက်လျောညီထွေနေထိုင်မှုနှင့်ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာအဆင့် အတွက်၊ ခိုင်မာသောလုပ်ငန်းအဆင့်များချမှတ်နိုင်ရေးဆောင်ရွက်ရာမှာ၊ လက်ရှိ နည်းပညာနှင့်ကမ္ဘာ့ စီးပွားရေးအခြေအနေတို့က မည်သို့ ပံ့ပိုးပေးနေသည်ကို နားလည်ရန်လိုအပ်သည်။ ဤလုပ်ငန်းအတွက် နိုင်ငံတကာဆက်ဆံရေး၊ အုပ်ချုပ်ရေး၊စီးပွားရေးနှင့်ယဥ်ကျေးမှုဆိုင်ရာ အပြည့်အဝပြန်လည်သုံးသပ်တွေးခေါ်မှုလိုအပ်သည်။
အနည်းပညာ ပြောင်းလဲတိုးတက်မှု အထူးသဖြင့် သံတမန်ရေးရာ၊ လုံခြုံရေး၊ ပညာရေး၊ ဘဏ္ဏာရေးနှင့် ကုန်သွယ်ရေး ဆိုင်ရာ ပြောင်းလဲမှုများအရ နိုင်ငံတကာဆက်ဆံရေး ပြောင်းလဲတိုးတက်မှုများ
ကျွန်ုပ်တို့အနေဖြင့် လွန်ခဲ့သော နှစ် ၁၀၀က သုံးခဲ့သော နိုင်ငံတကာဆက်ဆံရေး ဆိုင်ရာ တူညီသော ဝေါဟာရ အသုံးအနုန်းများကိုဆက်သုံးစွဲနေသေးသော်လည်း ထိုအခန်းကဏ္ဏများ၏ သဘောသဘာဝများသည် နည်းပညာပြောင်းလဲတိုးတက်မှုများ၏သတ်မှတ်ချက်များထက်ကျော်လွန်ပြီး ပြောင်းလဲတိုးတက်နေပြီဖြစ်သည်။ ပုံရိပ်များ၊စာသားများ၊ ဗွီဒီယိုများကိုကမ္ဘာတလွှား ပို့ဆောင်ဆက်သွယ်ပြီး အမှန်တကယ်ရှိနေသည့် ဒေသအကွာအဝေးဟန့်တားမှုများကိုကျော်ပြီးနောက် ထိုပုံရိပ်နှင့် အစီရင်ခံစာများကို ပုံဖျက်လုပ်ကြံ လိမ်လည်ခြင်းများလည်း လုပ်နိုင်နေပြီဖြစ်သည်။
ထို့အတူ လူသားများကုန်ပစ္စည်းများ ကိုလည်း ဝေးကွာလှသော ဒေသများကိုသက်တောင့်သက်သာ ဖြတ်ကျော်ပို့ဆောင် နိုင်ပြီး ကမ္ဘာရွာကြီးကဲ့သို့ ပေါင်းစည်းမှုဖြင့် များစွာသောလူဦးရေများကို ဖြန့်ကျက် နေထိုင်နိုင်ရန် ဖန်တီးနိုင်ခဲ့သည်။ စတုထ္ထမြောက် စက်မှုတော်လှန်ရေး၏ရလာဒ်အဖြစ် ကုန်ပစ္စည်းများကို ထုတ်လုပ်ပြီး နောက် အလိုအလျောက် လုပ်ငန်းစဥ်များဖြင့် ကမ္ဘာတဝှန်း ကို သင်္ဘောများဖြင့်တင်ပို့ရောင်းချနိုင်ခဲ့ကြသည်။ နောက်ဆုံးတွင် ဒေသအကွာအဝေးကိုစိုးရိမ်ပူပန်စရာမလိုပဲ၊ ဘဏ္ဏာရေး၊နိုင်ငံရေး ကိစ္စများကို မျှဝေဆွေးနွေးခြင်းနှင့် ပူးပေါင်းညှိနိုင်းဆောင်ရွက်ခြင်းများကို လုပ်ဆောင်နိုင်သည့် ဝေးလံဒေသများမှ အကျိုးစီးပွားတူ အဖွဲ့များအနေဖြင့်မည်မျှပင်ဝေးကွာစေမူ၊ ဆုံးဖြတ်ချက်များ ကိုအတူ ချမှတ်နိုင်ကြပေသည်။
ရာသီဥတုပြောင်းလဲမှုကို လက်မခံ ငြင်းပယ်မှုများမှသည် လူမျိုးရေးခွဲခြားခြင်းကို မရှိမဖြစ် လက်ခံမှုများအထိ တည်ရှိနေသော၊ ပညာရှင်များကို ဆန့်ကျင်သည့် ကြောက်မက်ဖွယ် လှိုင်းလုံးများထဲတွင် ကမ္ဘာကြီးသည် ပိတ်မိနေပေသည်။ ထိုသို့ပညာရှင်ဆန့်ကျင်ရေးလှိုင်းတံပိုးအရှိန်များသည်ကျွန်ုပ်တို့ခေတ်၏ ဖိအားများပြဿနာများကို တုန့်ပြန်ဖြေရှင်းနိုင်သည့် အရည်အချင်းကို နှောင့်ယှက်နေပေသည်။ ထို့ပြင်ဥပက္ခာပြုလွန်းပြီး မသိနားမလည်မှုများသည့် စိတ်အလိုလိုက်လွန်းသောညံ့ဖျင်းသည့်မျိုးဆက်များ ဖြစ်ရန် လည်း ထိုလှိုင်းတံပိုးများက အားပေးနေသည်။ ထိုသို့ဖြစ်ပေါ်မှုများသည် တန်ဖိုးလျော့နည်းလာသော ပညာရေး၏ ရလာဒ်ဖြစ်ပြီးသတင်းမီဒီယာနှင့်တခြားသော ဖော်ပြမှုပုံစံအမျိုးမျိုးတို့တွင်လည်း အသိပညာကျဆင်းလာမှုကိုဖြစ်စေသည်။ အပျော်အပါးပွဲလမ်းများကိုအာရုံပိုစိုက်လာပြီး၊ နိုင်ငံရေး၊မူဝါဒ၊ သတင်းမီဒီယာ နှင်ပညာရပ်ဆိုင်ရာဖက်တွင် အလေးအနက်လေ့လာလိုက်စားမှုများ ကို အားပေးထောက်ပံ့ခြင်းမရှိနိုင်တော့ပေ။
ထိုယဥ်ကျေးမှုသစ်သည် သိပ္ပံပညာကို ဆန့်ကျင်ပြီး၊ နက်နဲမှုမရှိသည့်နည်းပညာများကိုပင်လျှင် တန်ဖိုးထားလာသည်အထိဖြစ်စေသည်။ တန်ဖိုးနည်းပြီး အပေါ်ယံရွှေမှုံကြဲသည့်နည်းပညာရေလှိုင်းထဲတွင်စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မျောပါမသွားအောင် ရှောင်ရှားပြီး၊ မူဝါဒ၊ နည်းပညာနှင့်မဟာဗျူဟာဆိုင်ရာ ယုတ္တိရှိသည့်၊ သိပ္ပံနည်းကျလေ့လာမှုမျိုးကို ကြိုးစားကျင့်သုံးကြရပေမည်။ နိုင်ငံရေးနှင့်ပတ်သက်ပြီး ကမ္ဘာတလွှားတွင် ပြန့်နှံ့နေသည့် သိပ္ပံကိုဆန့်ကျင်သော၊ အပေါ်ယံဆန်သည့် လေ့လာမှုမျိုး ရှောင်ရှားရပေမည်။ အရေးအကြီးဆုံးအနေဖြင့်၊ ပညာရှင်များသည် လူမှုတာဝန်ယူမှုနှင့်တာဝန်ခံမှု ပြည့်ဝရမည်ဖြစ်ပြီး၊ သူတို့ကိုလူ့အဖွဲ့အစည်းထဲတွင် မရှိမဖြစ်သောပုဂ္ဂိုလ်များအဖြစ် ထားရှိသင့်ပေသည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများမှသည် ဆင်းရဲချမ်းသာကွာဟမှုအကြပ်အတည်းများအထိ ယနေ့ကြုံနေရသော ပြဿနာများကို ကမ္ဘာလုံးဆိုင်ရာ ရေရှည်ခံမည့် အဖြေကိုရစေနိုင်သည့်လူ့ဘောင်အဖွဲ့မျိုး၏ ချင့်ချိန်စဥ်းစားမှုများကသာလျင်ဖြေရှင်းနိုင်မည်ဖြစ်သည်။ ကျွန်တော်ပြဿနာတွေကိုဖြေရှင်းရာမှာ အဲဒီပြဿနာတွေကိုဖန်တီးစဥ်က အတွေးမျိုးနဲ့တော့ ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ပညာရှင် အဲဘတ်အိုင်စတိုင်း Albert Einstein ကတခါက မှတ်ချက်ပေးဖူးသည့်အတိုင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့ကြုံတွေ့နေရသော ယနေ့ကာလ အကြပ်အတည်းများ ကို ဖြစ်စေသော အကြောင်းရင်းများထဲတွင်ကျွန်ုပ်တို့ကိုယ်တိုင်ပါဝင်နေသည်ကို ကျွန်ုပ်တို့၏ သုတေသနနှင့်ကြိုးပမ်းအားထုတ်မှုများက ထည့်သွင်းစဥ်းစားသည်။
ဥပမာအားဖြင့် The Asia Institute’s Fukushima Initiative သည် ဖူကူရှီမားယား အဏုမြူ ဘေးအန္တရာယ်နှင့်ပတ်သက်ပြီး စိန်ခေါ်မှုများအတွက် အဖြေရှာနိုင်ရန်ကမ္ဘာတလွှားရှိ မတူကွဲပြားသောကျွမ်းကျင်ပညာရှင်များကို ဖိတ်ခေါ်ပြီး နိုင်ငံတကာ စင်မြင့်တရပ်ကို တည်ဆောက်ဖွဲ့စည်းခဲ့သည်။ ထိုလုပ်ငန်းစဥ်တွင် မူဝါဒ၊ နည်းပညာ၊ သရုပ်ခွဲလေ့လာမှုနှင့် အကောင်အထည်ဖော်မှုဆိုင်ရာပူးပေါင်းညှိနိုင်းလေ့လာမှုနည်းလမ်းသစ်များကိုရှာဖွေခဲ့သည်။ ထိုလေ့လာဆွေးနွေးမှုတွင် အနာဂတ်မျိုးဆက်များနှင့်ကျွန်ုပ်တို့အားလုံးအတွက်အရှိန်မြန်ဆန်ပြီးဖျက်ဆီးမှုရှိနိုင်သည့် နည်းပညာပြောင်းလဲမှုနှင့်ပတ်သက်ပြီး၊ သက်ဝင်ယုံကြည်မှုနှင့်ဒဿနိကဗေဒဆိုင်ရာစိန်ခေါ်မှုများကိုလည်းထိတွေ့လေ့လာခဲ့သည်။
အလားတူ စီးပွားရေးနှင့် အဖွဲ့အစည်းကြီးများ၏ပေါင်းစည်းမှုလုပ်ငန်းစဥ်ကို ရိုးရာတန်ဖိုးထားမှုနှင့် ပူးပေါင်းဆောင်ရွက်သည့်ယဥ်ကျေးမှုက မည်သို့အသွင်ပြောင်းလဲသည်ကို အကြံပြုရေးသားထားသည့်
ကျွန်ုပ်တို့၏အစီရင်ခံစာဖြစ်သည့် “Corea as Commons”တွင်၊
တောင်မြောက်ကိုးရီးယားပေါင်းစည်းရေးနှင့်ပတ်သက်သည့်မေးခွန်းအတွက် တူညီသောအတွေးအခေါ်ကို အသုံးပြုခဲ့သည်။
The Asia Institute အဖွဲ့ကြီးသည် ရာသီဥတုပြောင်းလဲမှု ပြဿနာကိုတုန့်ပြန်ဖြေရှင်းနိုင်ရန်အတွက် လုံခြုံရေး ဗိသုကာအဆောက်အဦအတွက် ခိုင်မာသော အဆိုပြုချက်တရပ်ကိုပြုလုပ်ခဲ့သည်။ များပြားလှသော လုံခြုံရေးစောင့်ကြည့်မှုယန္တရား၊ AI နှင့် ဆက်သွယ်ရေးနည်းပညာ များတွင် လျင်မြန်စွာပြောင်းလဲမှုကြောင့် ကြုံတွေ့ရေသော လက်ရှိအကြပ်အတည်းများကိုတုန့်ပြန်ရန် ယင်းအဆိုပြုချက်ကိုလုပ်ဆောင်ခဲ့ပြီး၊ အာရှတိုက်တခုလုံးတွင် စျေးကွက် တန်ဖိုး“market value.”အစား အသုံးပြုမှုတန်ဖိုး “use value” အတွက် တခြားသော ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှု ပုံစံများ နှင့် အသိဥာဏ်ဗဟုသုတတို့ကို ပူးတွဲ ထုတ်လုပ်ရန် အားပေးသည့် လွတ်လပ်သော ဆက်သွယ်ဆောင်ရွက်မှု ကိုအားပေးသည့် P2P (peer to peer) ပူးပေါင်းမှုကဲ့သို့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကိုအားပေးသည့် စနစ်သစ်အတွက်လည်း အဆိုပြုခဲ့သည်။
ထိုချဥ်းကပ်ဆောင်ရွက်မှုမျိုးသည် အစဥ်ကျယ်ပြန့်နေသည့်စီးပွားရေး ကွာဟမှုကိုဖေးမနိုင်ပြီး အခြေခံအဆင့်တွင် လုပ်ပိုင်ခွင့်ကို တိုးမြှင့်အားပေး နိုင်သည်။ အရှေ့တောင်အာရှနှင့် အရှေ့အလယ်ပိုင်းဒေသများမှ ကျွမ်းကျင်သူပညာရှင်များ၏ ရှုမြင်မှုနှင့် မည်သို့ညှိနိုင်းမည်ကို ဆွေးနွေးကြသည့် အကြိတ်အနယ်ဆွေးနွေးပွဲများတွင်လည်းကျွန်ုပ်တို့ပါဝင်ကြသည်။ဥပမာ ကိုးရီးယားကျွန်းဆွယ်ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ဆိုင်ရာ အကြိတ်အနယ်ဆွေးနွေးပွဲမျိုးဖြစ်သည်။
ရှေ့သို့ဆက်လက်ဆောင်ရွက်ခြင်း
အာရှတိုက်၏အနာဂတ်နှင့်ပတ်သက်ပြီး The Asia Institute အဖွဲ့ကြီးသည် အာရှတိုက်တခုလုံးရှိ အကျိုးစီးပွားဆိုင်ရာပတ်သက်သူများအားလုံးနှင့်ထိတွေ့ဆက်ဆံပြီး ဆွေးနွေးပြောဆိုမှုများပြုလုပ်သည်။ အာရှတိုက်အနေဖြင့် ထုံးတမ်းစဥ်လာ ပထဝီနိုင်ငံရေး ပြိုင်ဖက်များအဖြစ်ထက်ကျော်လွန်ပြီး မည်သို့လှုပ်ရှားဆောင်ရွက်နိုင်မည်ကိုကိုယ်တိုင်မေးခွန်းထုတ်ပြီး၊ ပြိုင်ဆိုင်မှုမဟုတ်သည့် ပူးပေါင်းဆောင်ရွက်မှု ရပ်ဝန်းသစ်ဆီသို့ ကူညီပို့ဆောင်မည့် လက်ရှိပူးပေါင်းမှုအပါအဝင် ငြိမ်းချမ်းသော အာရှတိုက်တခုလုံးအဖြစ်ရှေးရှုနိုင်ရန် ပါ မေးခွန်းထုတ်ဆွေးနွေးပါသည်။
Our activities
ကျွန်ုပ်တို့၏ ဆောင်ရွက်ချက်များ
The Asia Institute အဖွဲ့ကြီးသည် ပြီးခဲ့သည့် (၇) နှစ်အတွင်း ယဥ်ကျေးမှု၊လူ့အဖွဲ့အစည်း၊နိုင်ငံတကာဆက်သွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာကျယ်ပြန့်သော အစီအစဥ်များကို ဆောင်ရွက်ခဲ့သော်လည်း၊ လူ့အဖွဲ့အစည်းပေါ် နည်းပညာ၏သက်ရောက်မှု၊ ပတ်ဝန်းကျင်ဆိုင်ရာ အကြပ်အတည်းပြဿနာများ၊ အုပ်ချုပ်ရေး၊ ဆက်သွယ်ရေး၊ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာပြောင်းလဲမှုများနှင့် ပညာရေးအပေါ်သက်ရောက်မှု စသည့် ကိစ္စများတွင် ၊ ကျွန်ုပ်တို့၏ အာရုံစိုက်သည့်ရည်ရွယ်ချက်များ မပြောင်းလဲပဲဆက်လက် တည်ရှိနေမြဲဖြစ်ပေသည်။
The Asia Institute အဖွဲ့ကြီးသည် အာရှတိုက်တလွှားတွင် အဓိပါယ်ပြည့်ဝသည့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး အတွက် ဆုံးဖြတ်ချက်ချထားပြီး၊ ပူးပေါင်းဆွေးနွေးမှုများအတွက် အခွင့်အလမ်းသစ်များကိုအစဥ်တစိုက် ရှာဖွေလျက်ရှိသည်။ ကျွန်ုပ်တို့တွင်အမေရိကန်နိုင်ငံ၊ကိုးရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ များနှင့်ပတ်သက်သည့် နက်ရှိုင်းသော အတွေ့အကြုံများ ရှိသည်။ ထို့အပြင် ကျွန်ုပ်တို့သည်တောင်အာရှ၊ အရှေ့အလယ်ပိုင်း၊ အာရှအလယ်ပိုင်း၊ အရှေ့တောင်အာရှ၊ အာဖရိကနှင့်ဥရောပတိုက်ရှိနိုင်ငံများနှင့် ပတ်သက်သော အစီအစဥ်များကိုလည်း ဆောင်ရွက်လျက်ရှိသည်။
အကျွန်ုပ်တို့သည် ဆွေးနွေးပွဲများနှင့် သရုပ်ခွဲလေ့လာမှုများကိုသာ အဓိကထားလုပ်ဆောင်သည် မဟုတ်ပါ။ ဂေဟဗေဒစနစ်အရ ရေရှည်ခံပြီး တီထွင် ဆန်းသစ်မှုရှိသည့်ကျင့်ဝတ်စောင့်ထိန်းသော အုပ်ချုပ်မှုပုံစံမျိုးမှတဆင့် ကမ္ဘာလုံးဆိုင်ရာ အဆင့် ခေတ်မီလူ့ဘောင် အတွက် ထောက်ပံ့နိုင်သည့် ပူးပေါင်းညီညွတ်သောအာရှတိုက်ကိုမြှော်မှန်းပို့ဆောင်မည့် အကျိုးစီးပွားတူမိတ်ဖက်အဖွဲ့များနှင့် အတူအလုပ်လုပ်နေပါသည်။
ကျွန်ုပ်တို့အနေဖြင့်ယနေ့ခေတ် အတွက် စိန်ခေါ်မှုများကိုတုန့်ပြန်ဖြေရှင်းနိုင်မည့် အဓိပါယ်ပြည့်ဝသော ရေရှည်ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ရန် ယုံကြည်မှုရှိသည်။ ခိုင်မာသော ကွန်ယက်အဖွဲ့ များမှတဆင့် ကမ္ဘာတလွှား ပြဿနာသစ်များကိုအကဲဖြတ်ပြီး၊ တီထွင်မှုရှိသည့် ရှင်သန်သော နည်းလမ်းအဖြေ များပေးနိုင်ကာ၊ ထိုနည်းလမ်းများကိုအကောင်အထည်ဖော်နိုင်မည့် အသင်းအဖွဲ့အစည်းကြီး အဖြစ် ပါဝင်လုပ်ကိုင်နိုင်သော လူမှုအဖွဲ့များ၊လူပုဂ္ဂိုလ်များနှင့် အတူလုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သည်။ The Asia Institute အဖွဲ့ကြီးသည် အာရှတလွှား အကျိုးတူများနှင့်အတူဘုံသဘောတူညီချက်များအတွက် အများသဘောဆန္ဒရယူမည့် နေရာသစ်ကိုဖန်တီးရန် ဆုံးဖြတ်ချက်ချထားပြီးဖြစ်သည်။
The Asia Institute အဖွဲ့ကြီးသည်ယင်း၏ အစီအစဥ်များအဆင့်တိုင်းတွင် လူငယ်မျိုးဆက်များနှင့် လက်တွဲဆောင်ရွက်ပြီး လူငယ်များအား ဦးစားပေးအဖြစ် သတ်မှတ်အခွင့်အရေးပေးကာ မူဝါဒချမှတ်သူများနှင့် ကျွမ်းကျင်ပညာရှင်များထံသို့ အဖွဲ့ကြီး၏ အစီရင်ခံစာများနှင့် အခမ်းအနားများမှတဆင့် လူငယ့် အသံနှင့်စိုးရိမ်မှုများကို တိုက်ရိုက်ပို့ဆောင်ပေးရန်နှင့် အဓိပါယ်ပြည့်ဝသော ထောက်ခံအားပေးမှုများကို ပြုလုပ်ပေးသည်။ ဝမ်းနည်းစရာအချက်အနေဖြင့် ကျွမ်းကျင်သူများက လူငယ်များ၏အတွေ့အကြုံများမှလေ့လာစရာများရှိသော်လည်း၊ ကျွမ်းကျင်သူများထံမှသာ လူငယ်များလေ့လာနေရသော တလမ်းသွား ဆွေးနွေးမှုမျိုးကို မလွှဲမရှောင်သာတွေ့နေရသည်။ထို့အပြင် ကျွန်ုပ်တို့သည် ဆုံးဖြတ်ချက်ချသူများနှင့် ကျွမ်းကျင်သူများကိုလူငယ်များနှင့်ပေါင်းကူးပေးသော ဆက်သွယ်ရေးနည်းလမ်းများကို တည်ဆောက်ပေးနေသည်။
The Asia Institute အဖွဲ့ကြီးသည်ကိုရီးယား သုတေသနအဖွဲ့ကြီးများဖြစ်သည့်
Korea Research Institute for Bioscience and Biotechnology (KRIBB)
Korea Institute for Geoscience and Materials (KIGAM),
Korea Institute for Nuclear Safety (KINS), Seoul National University and the Korea
Research Institute for Standards and Science (KRISS) တို့အတွက်အစီရင်ခံစာများကိုလည်း ပြင်ဆင်ပေးသည်။ ထို့အပြင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်ဂျပန်အဖွဲ့အစည်းများဖြစ်သည့်
Korean Ministry of Foreign Affairs,
Riken (Japan), Okinawa Institute of Science and Technology (Japan) the Unification
Ministry, the University of Tsukuba, KAIST (Korea), အပြင်ယေးတက္ကသိုလ်နှင့် Yale University and other educational institutions တခြားသော ပညာရေးအဖွဲ့ကြီးများ၊ အမေရိကန်နိုင်ငံမှအစိုးရမဟုတ်သောအဖွဲ့များနှင့် အစိုးရအဖွဲ့များ၊ တောင်ကိုးရီးယား၊ဂျပန်၊တရုတ်နှင့်ဗီယက်နမ်မှ အဖွဲ့များအတွက်၊ သုတေသနစာတမ်းပြင်ဆင်မှုများ၊နှီးနှောဖလှယ်ပွဲများပြင်ဆင်ကျင်းပမှုများကိုဆောင်ရွက် ပေးသည်။
The Asia Institute အဖွဲ့ကြီးသည် ယနေ့လက်ရှိ အရေးကြီးသော ပြဿနာများကို ဆန်းစစ်ပြီး၊ ဖြစ်နိုင်သော တုန့်ပြန်မှုများကိုအကြံဥာဏ်ပေးနိုင်ရန်အတွက်၊ ဝါရင့် သုတေသီများ၊ လက်ထောက်များ၊ မိတ်ဖက်အဖွဲ့အစည်းကြီးများနှင့် ကျွမ်းကျင်သူများနှင့်အတူကမ္ဘာတလွှားရှိ အကျိုးတူများနှင့်ဆက်သွယ်လုပ်ကိုင်ဆောင်ရွက်နေသည်။ကျွန်ုပ်တို့၏သုတေသနများသည်၊ မူဝါဒချမှတ်သူများနှင့် နိုင်ငံသားများအတွက်၊ အဓိပါယ်ပြည့်ဝသော အကြံဥာဏ်နှင့် အဆိုပြုလွှာများ အပြင် ဓမ္မဓိဌာန်ကျသည့် အကဲဖြတ်စာတမ်းများ ထုတ်ဝေရန်ရည်ရွယ်သည်။
သုတေသနများ၏ရလာဒ်များကိုအစီရင်ခံစာ၊ တင်ပြချက်၊ ဆောင်းပါး၊နှီးနှောဖလှယ်ပွဲနှင့်ဗွီဒီယိုစသည့်ပုံစံများဖြင့် တင်ပြသည်။ ကျွန်ုပ်တို့၏သုတေသနများသည် ယေဘုံယျလေ့လာသူများအတွက် အဓိပါယ်ရှိသည့် အဖြေများသဘောထားများကိုအခိုင်အမာတင်ပြမည့် အထူးပြုလေ့လာချက်၊ ရှင်းလင်းချက်များအတွက်ရည်ရွယ်သည့် တင်ပြချက်များဖြစ်သည်။ The Asia Institute အဖွဲ့ကြီးက ထုတ်သည့် ခေတ်ပြိုင်ပြဿနာများအပေါ်ဆောင်းပါးတိုများ၊ စာတမ်းတို၊စာတမ်းရှည်များကို ဒေသခံအဆင့်နှင့်နိုင်ငံတကာအဆင့်ဆုံးဖြတ်ချက်လုပ်ငန်းစဥ်ရှိကျယ်ပြန့်သောစာဖတ်သူများကိုအခိုင်အမာရှင်းလင်းတင်ပြရန် အခြားသော ဘာသာစကားများဖြင့်လည်း ဘာသာပြန်ထုတ်ဝေလျက်ရှိသည်။
Emanuel Pastreich
President
ဥက္ကဌ
The Asia Institute အဖွဲ့ကြီး